Lifelong-Learning-Cyber-Security

လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ Projects များကို ကျွမ်းကျင်ပညာရှင်များရဲ့လမ်းညွှန်မှု တွေနဲ့အတူ လက်တွဲလုပ်ဆောင်ပြီး Cyber Security ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများရယူလိုက်ပါ။

လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ Projects များကို ကျွမ်းကျင်ပညာရှင်များရဲ့လမ်းညွှန်မှု တွေနဲ့အတူ လက်တွဲလုပ်ဆောင်ပြီး Cyber Security ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများရယူလိုက်ပါ။

Cyber Security Administrator တစ်ယောက်အနေနဲ့ ဘာ့ကြောင့် အသက်မွေးဝမ်းကြောင်း ပြုသင့်ပါသလဲ?

FBI နဲ့ IMF ရဲ့ စစ်တမ်းများအရ ဆိုက်ဘာရာဇဝတ်မှု (Cyber Crime) တွေရဲ့ နှစ်စဉ်ပျမ်းမျှကုန်ကျစရိတ်က ၂၀၂၂ ခုနှစ်မှာ $ ၈.၄ ထရီလီယံကနေ ၂၀၂၇ ခုနှစ်အရောက်မှာ $ ၂၃ ထရီလီယံအထိ မြင့်တက်လာနိုင်ပြီး ကမ္ဘာတစ်ဝန်း အခြားနိုင်ငံတွေနဲ့ယှဉ်ရင် အာရှ-ပစိဖိတ်ဒေသက ဆိုက်ဘာ ခြိမ်းခြောက်တိုက်ခိုက်ခံရနှုန်း (Cyber Attack) မြင့်မားနိုင်ချေရှိကြောင်း ခန့်မှန်းထားကြပါတယ်။

ဒီအခြေအနေတွေက အာရှ-ပစိဖိတ်ဒေသမှာ Cyber Security ကျွမ်းကျင်လုပ်သား လိုအပ်မှု မြင့်တက်နေတာကို ဖော်ပြနေပါတယ်။ သို့သော် ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်အထိ Cyber Security လုပ်သားပြတ်လပ်မှုဖြစ်ပေါ်နေပြီး လစ်လစ်နေတဲ့ ၂.၁၆ သန်းကျော်ကို ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။ သင့်အနေနဲ့ Cyber Security ပညာရပ်ကို စိတ်ဝင်စားရင်တော့ လိုအပ်တဲ့ skills တွေ ဖြည့်ဆည်းပြီး လစ်လပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရယူပြီး တိုးတက်အောင်လုပ်ဆောင်နိုင်မယ့် အချိန်အခါကောင်းတစ်ခုပဲဖြစ်ပါတယ်။

ဒီဂျစ်တယ် စီးပွားရေးဈေးကွက်တွင် အောင်မြင်မှုများရရှိရန် Cyber Security Administrator တစ်ယောက်အဖြစ် အနာဂတ် အသက်မွေးဝမ်းကြောင်းအတွက် အသင့်ပြင်ဆင်ပါ

Cyber Security Administrator တစ်ယောက်ရဲ့ ဝင်ငွေနဲ့ အလုပ်အကိုင်တိုးတက်မှု အလားအလာ
Cyber Security Administrator​
(Up to 1,000,000 MMK)​
၄ နှစ် မှ ၅ နှစ်
Cyber Security Manager​
(Up to 2,000,000 MMK)​
၈ နှစ်နှင့် အထက်
Chief Information Security Officer
(Up to 3,500,000 MMK)​
Cyber Security Administrator​
(Up to 1,000,000 MMK)​

၄ နှစ် မှ ၅ နှစ်

Cyber Security Manager​
(Up to 2,000,000 MMK)​

၈ နှစ်နှင့် အထက်

Chief Information Security Officer​
(Up to 3,500,000 MMK)​
Source: Derived from PayScale, Glassdoor, and prevailing employment market rates
Cyber Security Administrator တစ်ယောက်ရဲ့ လုပ်ငန်းတာဝန်များ
Cyber Security ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ Cyber Security Administrator တစ်ယောက်အနေနဲ့ Hybrid သို့မဟုတ် Cloud-based ကနေ Data ရရှိနိုင်မှု၊ အရေးကြီး အချက်အလက်တွေကို လျှို့ဝှက်စွာထိန်းသိမ်းထားနိုင်မှုစတဲ့ သင့်ကုမ္ပဏီ အဖွဲ့အစည်းအတွက် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုအချိက်အလက်တွေကို ကာကွယ်ပေးနိုင်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အမျိုးမျိုးသော ဆိုက်ဘာတိုက်ခိုက်ခံရမှုတွေကို တုံ့ပြန်နိုင်ဖို့ Zero Trust, GRC စတဲ့ နည်းဗျူဟာတွေကို စနစ်တကျလေ့ကျင့်ပြီး အကောင်းဆုံး အသုံးချနိုင်ရမှာဖြစ်ပါတယ်။

သင့်ရဲ့ Computer Systems, Networks နဲ့ Data တွေကို အမြဲတမ်းကာကွယ်နိုင်ဖို့ User Access ကို သေချာစီမံခန့်ခွဲခြင်း၊ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်အောင် လိုအပ်တဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်ခြင်း၊ လုံခြုံရေးချိုးဖောက်ခံရမှုတွေကို သေချာစစ်ဆေးပြီး အစီရင်ခံခြင်း စတာတွေကိုလည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြု မဟာဘွဲ့ (Master’s Degree) ရယူနိုင်ပြီး လုပ်ငန်းခွင်အတွေ့အကြုံရှိ IT Systems Administrator တစ်ယောက်ဖြစ်လာစေမယ့် အလုပ်နှင့် လေ့လာမှုပေါင်းစပ်ခရီးစဉ် အဆင့် ၃ ဆင့်

Digital Skilling Bootcamp

၄လ ကြာ အချိန်ပြည့် Skilling Bootcamp တက်ရောက်ပြီး ဒီဂျစ်တယ် အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွင်ကို စတင်ဝင်ရောက်နိုင်ဖို့ အလုပ်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ အသိအမှတ်ပြုလက်မှတ်တွေရယူပါ။

Job Placement Support

အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေရှာဖွေဖို့ Resume ရေးသားနည်း Workshop, Interview ဖြေဆိုနည်းလမ်းညွှန်နဲ့ လုပ်ငန်းဆိုင်ရာအကြောင်းအရာတွေကို ဝေမျှပေးမယ့် Industry insight sharing တွေပါဝင်တဲ့ Profile Building Course ကို တက်ရောက်ရမှာပါ။

Industry Project

၄ လကြာ လုပ်ငန်းခွင် Project တွေ တိုးတက်အောင် လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ပြီး ကျွမ်းကျင်ပညာရှင်များရဲ့ လမ်းညွှန်မှုနဲ့အတူ အလုပ်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုမှုရယူပါ။

Professional  Certificate​

4 months intensive skilling bootcamp to acquire work ready skills & certification for digital career induction

Professional Diploma​

4 months of industry project development & implementation with industry expert mentoring for job role skill accreditation

Master’s Degree​ (Top-Up)​

6 months part-time study & project thesis for an accredited international master’s degree

လုပ်ငန်းခွင်ဝင်ရောက်မယ့် ပထမဆုံးနေ့မှစပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ရန် တစ်ဦးချင်း ဆွေးနွေးခြင်း၊ အလုပ်နှင့် ပေါင်းစပ်ထားပြီး ရလဒ်ကို အခြေခံသည့် သင်ယူလေ့လာမှုခရီးစဉ်

eduCLaaS သည် အနာဂတ် အလုပ်အကိုင်အဆင်သင့်ဖြစ်ရန် လူငယ်များလိုအပ်နေသည့် လုပ်ငန်းပိုင်ဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ တိုးတက်လာစေရန်နှင့် ဒီဂျစ်တယ် နည်းပညာကျွမ်းကျင်မှု ကွာဟချက်ကို ပေါင်းကူးပေးနိုင်ရန် စင်ကာပူနိုင်ငံ၏ လုပ်ငန်ကျွမ်းကျင်မှုဆိုင်ရာ Framework နှင့်အညီ ရေးဆွဲထားသည့် Competency-based curriculum လုပ်ငန်းခွင် ကျွမ်းကျင်မှုကို အခြေခံသည့် သင်ရိုးများဖြင့် ရေးဆွဲသင်ကြားပေးနေပါတယ်။

eduCLaaS သည် လုပ်ငန်းခွင်ရှိ ကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန်မှုတွေနဲ့အတူ လက်တွေ့ Projects တွေလုပ်ဆောင်ရင်း သင်ယူနိုင်မယ့် 70:20:10 အလုပ်နှင့်ပေါင်းစပ်ထားတဲ့ သင်ယူလေ့လာမှုပုံစံကို အသုံးချလျက်ရှိပါသည်။

eduCLaaS မှာစာသင်ကြားပေးတဲ့ ပုံစံကတော့ Blended learning ပုံစံဖြစ်ပြီး ကျောင်းသားများအနေဖြင့် ကိုယ်တိုင်လေ့လာနိုင်မယ့် e-learning ပုံစံ, e-learning မှာ self-studyလုပ်ထားတဲ့ စာတွေကို စာသင်ခန်းထဲမှာ ဆရာတွေက ပြန်လည်ဆွေးနွေး သင်ကြားပေးသည့် live flipped classes တွေ၊ project, assignments များ လုပ်ဆောင်နိုင်နိုင်ရန် Mentors များမှ တစ်ဦးချင်း လမ်းညွှန်သင်ကြားပေးသွားမယ့် သင်ယူလေ့လာမှု ခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်။

၁၀ နှစ်ကျော်ကြာ ကောင်းမွန်တဲ့ မှတ်တမ်းကောင်းတွေရရှိထားတဲ့ eduCLaaS ရဲ့ အလုပ်အကိုင်ရရှိအောင် ကူညီပေးမယ့် အစီအစဉ်သည် ကုမ္ပဏီပေါင်း ၂,၀၀၀ ကျော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားတဲ့အတွက် သင့်ကို IT Systems Administrator အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိအောင် ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

သင့်အနေနဲ့ Interview တွေမှာ အကောင်းဆုံးပြင်ဆင်နိုင်အောင် Resume ရေးသားနည်း၊ Interview ဖြေဆိုနည်း လမ်းညွှန်တွေနဲ့ လုပ်ငန်းခွင်နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ဝေမျှပေးမယ့် Career-builder workshop ကို တက်ရောက်နိုင်ပါတယ်။ ပြီးရင်တော့ သင့်အသက်မွေးဝမ်းကြောင်း အလုပ်နဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေရရှိဖို့ အသေးစိတ်ဆွေးနွေးနိုင်မယ့် 1-to-1 coaching session ကိုလည်း တက်ရောက်ရမှာဖြစ်ပါတယ်။ သင်နဲ့ ကိုက်ညီမယ့် အလုပ်အကိုင်ရှာဖွေခြင်း၊ Interview အတွက် လိုအပ်တာတွေပြင်ဆင်ပြီးရင်တော့ လူတွေအလုပ်လျှောက်ထားခြင်း၊ Employers networking sessions တွေ တက်ရောက်ခြင်း၊ Online ကနေ AI နည်းပညာပေါင်းစပ်ထားတဲ့ပုံစံနဲ့ အလုပ်လျှောက်ထားခြင်း စသဖြင့် အလုပ်ခေါ်ယူနေတဲ့ လုပ်ငန်းရှင်တွေနဲ့ အဆက်အသွယ်ကောင်းတွေရယူကာ Digital အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိလာအောင် ချိတ်ဆက်ရမှာပဲ ဖြစ်ပါတယ်။

Career Builder Workshop​

1-to-1 Career Coaching

Review of Career Development Resources

Recruitment Activities & Interviews

Career Builder Workshop​

1-to-1 Career Coaching​

Review of Career Development Resources​

Recruitment Activities & Interviews

What They Say About Us

×
Learn More
1:1 Consultation
ပညာရေးနှင့် အလုပ်အကိုင်အတွက် အခမဲ့ အကြံပေးလမ်းညွှန်မှုများရယူရန်